“အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်”
၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက် ပြည်သူ့လူထုက ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် ညှိနှိုင်းတိုင်ပင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို အတည်ပြုဖွဲ့စည်းခဲ့သည်မှာ ယနေ့တွင် တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထု၏ဆန္ဒကို ကိုယ်စားပြုသော၊ မြန်မာနိုင်ငံ၏ တခုတည်းသော တရားဝင်အစိုးရဖြစ်သည်နှင့် အညီ တိုင်းပြည်၏ ကဏ္ဍကြီး (၅) ရပ်ကိုအခြေခံ၍ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို သတင်းမီဒီယာများမှတဆင့် ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်အစီရင်ခံအပ်ပါသည်။ – နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွတ်လပ်တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ ကိုအခြေခံ၍ အကြမ်းဖက် စစ်ကောင်စီအား နိုင်ငံတကာ မျက်နှာစာတွင် တရားဝင်မှု မရရှိစေရေး ၊ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာ က အသိအမှတ်ပြုစေရေး…