- ပြည်ထောင်စုမျှော်ရည်ချက် နှင့် စံတန်ဖိုး
- အစိုးရ၏ လုပ်ငန်းတာဝန်များ
ပြည်ထောင်စုမျှော်ရည်ချက်
လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုရှိပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည်။
ပြည်ထောင်စုစံတန်ဖိုး
ပြည်ထောင်စုကြီးကို တည်ဆောက်ရန်အတွက် အောက်ပါတို့ကို စံတန်ဖိုးအဖြစ် ယုံကြည်လက်ခံသည်။
၁။ ဒီမိုကရေစီအခွင့်အရေး၊ ဂျဲန်တာ တန်းတူရေး နှင့် အခြေခံလူ့အခွင့်အရေးများ
၂။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
၃။ စုပေါင်းခေါင်းဆောင်ခြင်း
၄။ စုံလင်ကွဲပြားမှုကို လက်ခံခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း
၅။ လူနည်းစုအခွင့်အရေးကို ကာကွယ်ခြင်း
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ
၁။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် ဤပဋိညာဉ်ပါ နိုင်ငံရေးရည်ရွယ်ချက်များ၊ ဦးတည်ချက်များ နှင့်နိုင်ငံရေးလမ်းပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
၂။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ရမည်။
၃။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်ရမည်။
(က) ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များ၊ နိုင်ငံရေးလမ်းပြမြေပုံတို့နှင့်အညီ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနအလိုက် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရမည်။
(ခ) အာဏာသိမ်းစစ်ကောင်စီကျရှုံးရေးအတွက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊နိုင်ငံခြားရေးနှင့် သံတမန်ရေး၊ကာကွယ်ရေးနှင့် လုံခြုံရေး စသည့်နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရမည်။
သန်းပေါင်းများစွာသော ပြည်သူတွေက ယခုလိုမျိုး အကြမ်းဖက် စစ်တပ်ရဲ့ နည်းလမ်းပေါင်းစုံနဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကို အမှုမထားဘဲ အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် လမ်းမများပေါ်မှာ ဒီမိုကရေစီရရှိရေး လူထုလှုပ်ရှားမှုများကို တခဲနက်လုပ်ဆောင်နေကြတာကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။ ဒီအတွက်လည်း ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်။ လူထုရဲ့ ရဲစွမ်းသတ္တိကိုလည်း အထူး ကျေးဇူးတင်လေးစားပြီး မှတ်ကျောက်တင်အပ်ပါတယ်။ နိုင်ငံတော်ရဲ့ ဒုတိယသမ္မတတစ်ဦးအနေဖြင့် လွတ်လပ်မျှတရေးအတွက် အသက်နဲ့ ဘဝကို ပဓာနမထားပဲ ပေးဆပ်အနစ်နာခံ တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ အမျိုးသမီး၊ အမျိုးသား၊ လူကြီး၊ လူငယ်၊ လူရွယ်များ အားလုံးကိုလည်း ဦးညွှတ်အပ်ပါတယ်။ ထိုလူပုဂ္ဂိုလ်များဟာ ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အာဇာနည် သူရဲကောင်းများ ဖြစ်ကြပြီး သူတို့ကို ဒီမိုကရေစီ သူရဲကောင်းများ၊ လူထုရဲ့ သူရဲကောင်းများအဖြစ် သမိုင်းတစ်လျှောက် မှတ်တမ်းတင် ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လွတ်လပ်မှုအတွက် အဆုံးစွန် စွန့်လွှတ်အနစ်နာခံခဲ့ကြသူတွေကို အမြဲဦးညွှတ်လေးစားလျက်ရှိပါတယ်။ ဒီမိုကရေစီ တိုက်ပွဲအတွင်းတွင် ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းများရဲ့ မိဘများ၊ သားသမီးများ၊ ချစ်ခင်ရသူများနဲ့လည်း ထပ်တူ ကြေကွဲဝမ်းနည်းခံစားရပါတယ်။ သူတို့ရဲ့ အနစ်နာခံ စတေးမှုကို ဘယ်သောအခါမှ မေ့မည်မဟုတ်ပါ။ ဆုံးရှုံးသွားရတဲ့ သူရဲကောင်းများအတွက် တရားမျှတမှုရတဲ့အထိ ကျနော်တို့ လုပ်ဆောင်သွားပါမယ်။ အမှန်တရားကို ဖော်ထုတ်ပြီး တရားမျှတမှုရအောင် ဆောင်ရွက်သွားပါမယ်လို့ ကတိပေးပါတယ်။
ဒူဝါလရှီးလ
နိုင်ငံတော်ဒုတိယသမ္မတ
စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်နေသလို ကျွန်တော်တို့အစိုးရအဖွဲ့မှလည်း ကျွန်တော်တို့နိုင်ငံအပေါ် အကူအညီပေးမည့်နိုင်ငံများ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ နည်းမျိုးစုံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးတင်ပြ ကတိပြုပါတယ်။ စစ်အာဏာရှင် ပြုတ်ကျမှသာလျှင် သွေးမြေ ကျ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေ၊ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ပြည်သူတွေကို ကျေးဇူးဆပ်ရာ ရောက်မှာ ဖြစ်ပါတယ်။
အခုအချိန်အခါဟာ စစ်အာဏာရှင် အမြစ်ပြတ် ကွယ်ပျောက်စေဖို့ တိုက်ပွဲဝင်ရန် အကောင်းဆုံး အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူများနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများအနေနှင့်လည်း စိတ်ဝမ်းကွဲမှုမရှိဘဲ၊ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ အောင်စိတ်ကို မွေးပြီး ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။
အောင်မြင်မှုရတဲ့အခါမှာလည်း ကျွန်တော်တို့အစိုးရအနေနှင့် ပြည်သူပြည်သားများအားလုံးကို ကျေးဇူးပြန်ဆပ်သွားမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အောင်လံလွှင့်ချီ နွေဦးထီ
ပြည်သူ့ရင်ခွင်
သတင်းများ
“ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကား”
၂၀၂၃ ခုနှစ်၊ မတ်လ (၁၈) ရက် “ စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ အစွမ်းကုန်ရက်စက်မှုတွေကို ခံနေရပေမယ့် ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ဝေဝါးမနေပါဘူး။ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်တွေကို...
ဖတ်ရှူရန်“ နယ်မြေဖြတ်သန်းသွားလာခွင့် နှင့် ပတ်သတ်သောကြေညာချက် (၈/၂၀၂၃)”
၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်ကျော်၁၂ ရက် (၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်) ၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထား သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက တာဝန်ခံဖွဲ့စည်းထားသည့် ပြည်သူ့အစိုးရ...
ဖတ်ရှူရန်“အကြမ်းဖက်စစ်အုပ်စုက ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာ ပြည်သူ ( ၂၂) ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ကြေညာချက်”
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ...
ဖတ်ရှူရန်ဆက်သွယ်ရန်
အမျိုးသားညီညွတ်ရေးအစိုးရ
infonugmyanmar.org
သမ္မတရုံး
presidentofficenugmyanmar.org
cabinetsecretarynugmyanmar.org
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး
PMofficenugmyanmar.org