
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေနိုင်ငံ ခရီးစဥ်အတွင်း Labor Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် ယူကေစံတော်ချိန် နံနက် ၁၁ နာရီခွဲ မှ နေ့လည် ၁ နာရီအထိတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သူ Rushanara Ali နှင့်တွေ့ဆုံခဲ့သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှု အတွင်းတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေး UK ပါလီမန်မှ ပိုမိုတို့းမြှင့်ထောက်ခံရေး၊ ဒုက္ခသည်ကိစ္စ ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး အစရှိသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယူကေနိုင်ငံဆိုင်ရာကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာသက်ကိုကိုနှင့် ဦးမောင်မောင်အောင် တို့လည်း တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်းတွင် အခြားသောတာဝန်ရှိသူများ နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန