

၇ ဖေဖော်ဝါရီ ၂၀၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly နှင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ ယူကေစံတော်ချိန် ညနေ (၃:၃၀) အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယူကေနိုင်ငံခြားရေးဝန်ကြီးရုံး၌တွေ့ဆုံခဲ့ကြသည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာပြည်အရေးနှင့် စပ်လျဥ်း၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေး၊ လူနည်းစုလူမျိုးများအရေးနှင့် အခြားသော အကြောင်းအရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်း ဆက်လက်တွေ့ဆုံ၍ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန