” ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့၊အမေရိကန်သံရုံးတွင် ကျင်းပသည့် (၂)နှစ်မြောက် ပြည်သူ့တော်လှန်ရေးအခမ်းအနားနှင့် (၆)နှစ်မြောက် ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှုအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်း တက်ရောက် အမှာစကားပြောကြား “

ဖေဖော်ဝါရီ (၂၂)ရက်၊ ၂၀၂၃ ခုနှစ်

ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့၊အမေရိကန်သံရုံးတွင် ကျင်းပသည့် (၂)နှစ်မြောက် ပြည်သူ့တော်လှန်ရေးအခမ်းအနားနှင့် (၆)နှစ်မြောက် ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှုအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အမှာစကားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ရိုဟင်ဂျာများအပေါ် ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ငြင်းပယ်၍ မရကြောင်း၊ ထိုရာဇဝတ်မှုတွေကို အသိအမှတ်ပြုပြီး တရားမျှတမှု ရရှိနိုင်စေရေးလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်းဆွေးနွေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာများအရေးပတ်သက်ပြီး ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များကိုလည်းထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် Mrs. Michèle Taylor အမေရိကန်အခြေစိုက် လူမျိုးသုဉ်းသတ်ဖြတ်မှု မှတ်တမ်း ပြတိုက် တာဝန်ခံ Ms. Naomi Kikoler, တို့နှင့်အတူ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ ကိုထွန်းခင်ကတို့လည်း စကားပြောကြားခဲ့သည်။

ထိုအခမ်းအနားသို့ ဂျီနီဗာအခြေစိုက်သံတမန်များတက်ရောက်ခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးအနေဖြင့် ရိုဟင်ဂျာများအရေးကိစ္စနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ New York ရှိ လူမျိုးသုဉ်းသတ်ဖြတ်မှုမှတ်တမ်းပြတိုက် Holocaust Museum တွင် မိန့်ခွန်းပြောကြားခဲ့ပြီး NUG အနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများနှင့်စပ်လျဉ်းသည့် တရားမျှတမှုဖော်ဆောင်နိုငိရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ကတိကဝတ်များကို အတိအလင်းပြောကြားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

လူ့အခွင့်အရေးဝန်ကြီးဌာန