နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီး ကယ်လီဖိုးနီးယား ရှိမြန်မာမိသားစုများနှင့်တွေ့ဆုံ

၂၅ ဖေဖော်ဝါရီ ၂၀၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးစဥ်သွားရောက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးလည်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီး၊ ဒုဝန်ကြီးတို့မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများသို့အသိပေးတင်ပြကာ ပြည်သူများမှမေးမြန်းလာသည့် မေးခွန်များကိုပြန်လည်ဖြေကြားပေးခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေး ဝန်ကြီးဌာန