Press Release_my


Deprecated: preg_replace(): Passing null to parameter #3 ($subject) of type array|string is deprecated in /home/nugfede1/gov.nugmyanmar.org/wp-includes/kses.php on line 1744

“ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတရုံးပြောခွင့်ရတို့ -ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ Parliamentary Secretary နှင့် တွေ့ဆုံ ဆွေးနွေး”

၂၀၂၄ မတ်လ ၂ ရက် ကနေဒါအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ Parliamentary Secretary မစ္စတာ Rob Oliphant နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ နိင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်တို့ မတ်လ ၂ ရက် နေ့က ကနေဒါနိုင်ငံ၊ အော်တဝါမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရပ်ရပ်နှင့် မြန်မာ့အရေး ကနေဒါနိုင်ငံ၏ ထောက်ခံ အားပေးမှုဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြား တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ပြောခွင့်ပုဂ္ဂိုလ်တို့အား Parliamentary

“ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတရုံးပြောခွင့်ရတို့ -ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ Parliamentary Secretary နှင့် တွေ့ဆုံ ဆွေးနွေး” Read More »

“ သတင်းထုတ်ပြန်ခြင်း”

ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၂၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့သည် ပြင်သစ်အထက်လွှတ်တော်တွင် ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ Mr.Pascal Allizard သည် ၂၀၂၁ ခုနှစ်၊ ပြင်သစ်အထက်လွှတ်တော်တွင် NUG အစိုးရကို ပြင်သစ်အစိုးရမှ အသိအမှတ်ပြုရန်အဆိုကို ဦးဆောင်တင်းသွင်းခဲ့သူဖြစ်ပါသည်။ အဆိုပါတွေ့ဆုံပွဲ တွင် ဝန်ကြီးဒေါ်ဇင်မာအောင်မှ ပြင်သစ်အစိုးရအနေဖြင့်မြန်မာ့အရေးကို လက်တွေ့ကျသောအကူအညီပေးနိုင်ရန် နှင့် တော်လှန်ရေး၏တိုးတက်မှုအခြေအနေ၊ မြေပြင်အခြေအနေများအပါအဝင် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပက်သက်၍အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အထက်လွှတ်တော် အမတ် Mr. Pascal Allizard အနေဖြင့်လည်း မြန်မာပြည်သူများဘက်မှ ဆက်လက်ရပ်တည်ပြီး ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန

“ သတင်းထုတ်ပြန်ခြင်း” Read More »

ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၄)

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက် ၁။ ရက္ခိုင့်တပ်တော်၊ သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်အရ (၂၇-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁) နာရီ၊ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံ ဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။ အဆိုပါဆေးရုံသည် စစ်ကောင်စီတပ်ဖွဲဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက် ဆေးရုံတစ်ခုလည်း ဖြစ်ပါသည်။ ၂။ (၂၀-၂-၂၀၂၄) ရက်နေ့တွင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ

ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၄) Read More »

သတင်းထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့သည် ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့၏ ဥက္ကဌ၊အောက်လွှတ်တော်အမတ် Mr. Alain David နှင့် ဒုဥက္ကဌ အောက်လွှတ်တော်အမတ် Mrs. Anne Genetet တို့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်လက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင်ပြင်သစ်နိုင်ငံက ပါဝင်ကူညီနိုင်သောအခန်းကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်ဆိုင်ရာကိုယ်စားလှယ်ရုံး

သတင်းထုတ်ပြန်ခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့်လူသားချင်းစာနာထောက်ထားရေးနှင့် ဌာနဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကျင်းပပြုလုပ်

၂၆၊ ဖေဖော်ဝါရီ ၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့်လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့၏ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို ၂၀၂၄ခုနစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါတွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီသူများ၊ ပြင်သစ်ရောက်မြန်မာများအသင်းအပါအဝင်တစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်ဆိုင်ရာကိုယ်စားလှယ်ရုံး

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့်လူသားချင်းစာနာထောက်ထားရေးနှင့် ဌာနဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကျင်းပပြုလုပ် Read More »