အောင်လံလွှင့်ချီ နွေဦးထီ

ပြည်သူတွေ စောင့်မျှော်နေကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ “ အောင်လံလွှင့်ချီ နွေဦးထီ” အစီအစဉ်ကို စတင်နေပြီဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ “အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/nuglottery မှာသွားရောက်လေ့လာနိုင်ပါတယ်။

ပြည်သူတွေ ထီထိုးလိုက်တဲ့ ငွေတွေထဲက ၇၀ ရာခိုင်နှုန်းကို CDM တွေကို ထောက်ပံ့ဖို့ အသုံးပြုသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကိုတော့ ဆုကြေးငွေတွေအနေနဲ့ လစဉ် ထီဖွင့်ပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဆုကြေးငွေကို မထုတ်ပဲ ပြန်လှူမယ်ဆိုရင်တော့ အဲဒီ့ ပြန်လည်လှူဒါန်းမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဂုဏ်ပြုလက်မှတ်ပြန်လည်ချီးမြှင့်မှာဖြစ်ပြီး အဲဒီ့ လှူဒါန်းငွေကို NUG ရဲ့ အရေးကြီးသော လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမှဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအောင်ပွဲကို အထောက်အကူပြုမယ့် “အောင်လံလွှင့်ချီ နွေဦးထီ” အစီအစဉ်မှာ တစ်တပ်တစ်အား ပါဝင်ကြမယ့် ပြည်သူတစ်ယောက်ခြင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ အောင်ရမည်။